Java Lesson 7: Userဆီမှ Inputယူခြင်း ၂












Javaရဲ့ အားသာချက် တစ်ခုကတော့ ရေးသားပြီးသား အသင့်သုံးcodeများစွာ ပါဝင်တဲ့ Libraries ရှိခြင်းပါပဲ။ ဒီcodeတွေဟာ သတ်မှတ်ထားတဲ့ အလုပ်ကို လုပ်ဆောင်ဖို့ ရေးသားထားပြီး ကျွန်တော်တို့က အလွယ်တကူခေါ်သုံးရုံပါပဲ။ ကိုယ်တိုင်ပြန်ရေးစရာ မလိုတော့ဘဲ ကျွန်တော်တို့ လုပ်ရမှာက ကိုယ်သုံးချင်တဲ့library fileကို referenceလုပ်ရုံပါပဲ။
referenceလုပ်တဲ့အခါ importဆိုတဲ့ keywordနောက်ကနေ library_name  ပြီးရင် dot(.)ခံ၊ ပြီးမှ class_nameရေးရပါတယ်၊ ဥပမာ-
import library_name.class_name;
အခုကျွန်တော် မိတ်ဆက်ပေးမှာကတော့ userဆီက inputတွေကို handleလုပ်တဲ့ Scanner Classအကြောင်းပဲ ဖြစ်ပါတယ်။ Scanner Classကို java.utilဆိုတဲ့ libraryအောက်မှာ တွေ့နိုင်ပါတယ်။ Scanner Classကို သုံးဖို့ဆိုရင် ကျွန်တော်တို့က java.util.Scanner; ဆိုပြီး ကြေညာရပါမယ်။
import java.util.Scanner;
importပါတဲ့ စာကြောင်းကို class nameမကြေညာခင်မှာ ရေးရပါတယ်။ ဥပမာ-
import java.util.Scanner;
public class  Scanner_Eg{
}
ဒီလိုကြေညာလိုက်ခြင်းအားဖြင့် ကျွန်တော်ကတို့က javaကို ဘယ်libraryထဲမှာ ရှိတဲ့ ဘယ်classကို ခေါ်သုံးချင်ပါတယ်လို့ ပြောလိုက်တာပါပဲ။ ဒီexampleမှာဆိုရင်တော့ java.utilဆိုတဲ့ libraryမှ Scanner classကို သုံးချင်တာပါလို့ ပြောတာပါ။
နောက်တစ်ခုကတော့ ကျွန်တော်တို့ Scanner classကို သုံးချင်တဲ့ဆိုရင် Scanner Classကို Objectဆောက်ရမှာပါ။ Objectဆောက်တယ်ဆိုတာ ဘာလဲဆိုတော့ classဆိုတာ codeအစုအဝေးပါပဲ၊ objectမဆောက်သရွေ့ သုံးလို့မရပါဘူး။ ပိုပြီးရှင်းအောင် ပြောရရင် “လူ”ဆိုတဲ့ classရှိတဲ့ဆိုပါတော့၊ လူclassထဲမှာ  လူရဲ့ functionတွေဖြစ်တဲ့ အိပ်၊စား ဆိုတာတွေပါတယ်ဗျာ။ ဒီတော့ လူclassချည်းပဲဆိုရင် ဘာလုပ်လို့ရတုံး၊ လူဘာလုပ်တတ်လဲဆိုတာပဲ ပါတာလေ၊လူဆိုတဲ့classကြီးက ကိုယ်တိုင်ထစားလို့မှ မရဘဲ။ ကဲ ကျွန်တော်တို့က Objectဆောက်လိုက်မယ်။ လူဆိုတဲ့classကို referenceလုပ်ပြီး မောင်မောင်ဆိုတဲ့ objectလေး ဆောက်လိုက်မယ်။ မောင်မောင်လေး ဘာလုပ်မလဲ။ မောင်မောင်လုပ်မှာကတော့ လူရဲ့ functionဖြစ်တဲ့ စားတယ်ဆိုတာလေး လုပ်ပါတယ်။ အဲ့အတွက် စားfunctionကို ခေါ်သုံးလိုက်ပါတယ်။ J
Objectတစ်ခုဆောက်မယ်ဆိုရင် ကိုယ်ဆောက်မဲ့ objရဲ့ class_name ပြီးရင် ကိုယ်ပေးချင်တဲ့ objရဲ့နာမည်၊ ပြီးရင် equal signရဲ့နောက်မှာမှ new keyword+ class_nameလာပါတယ်။ ဥပမာ-
Scanner user_input=new Scanner(System.in);
ဒီမှာဆိုရင် data typeက int (သို့) String မဟုတ်ဘဲ Scannerဖြစ်ပါတယ်။ variable nameက user_input ဖြစ်ပါတယ်။ objဆောက်ဖို့အတွက် newဆိုတဲ့ keywordကို =ရဲ့နောက်မှာ Class Name ရေးရပါတယ်။ လက်သည်းကွင်းထဲမှာပါတဲ့ System.inဆိုတာကတော့ System Inputယူမယ်လို့ ပြောခြင်းဖြစ်ပါတယ်။
Userဆီက inputရယူဖို့အတွက် ကျွန်တော်တို့က Scanner Objဆောက်ပြီးဖြစ်တဲ့အတွက် Scanner Classရဲ့ အမျိုးမျိုးသော methodတွေသုံးပြီး inputယူလို့ရပါတယ်။ အခုexampleမှာပြမှာကတော့ next methodပဲ ဖြစ်ပါတယ်။ ဒီmethodက userက keyboardကနေ ရိုက်သမျှtextကို enterမနှိပ်မချင်း pointerရွေ့ပြီး ယူပေးမှာ ဖြစ်ပါတယ်။
String first_name;
first_name=user_input.next();
user_inputဆိုတဲ့ objရဲ့နောက်မှာ ကျွန်တော်တို့က dot(.)လေးခံပြီး ရေးပါတယ်။ Netbeanလိုမျိုး IDEနဲ့ရေးတယ်ဆိုရင်တော့ user_input. ဆိုတဲ့နောက်မှာ သုံးနိုင်တဲ့ Scanner Classရဲ့ methodတွေကို autoဖော်ပြပေးမှာပါ။ userကို ကိုယ်တောင်းချင်တဲ့ dataကို သိစေဖို့ printထုတ်ပြလို့လဲ ရပါတယ်။
String first_name;
System.out.print(“Enter Your First Name”);
first_name=user_input.next();
ဒီမှာ ကျွန်တော်တို့က printlnအစား printကိုသုံးပါတယ်။ printကို သုံးတဲ့အတွက် cursorက အောက်တစ်ကြောင်းမဆင်းတော့ပါဘူး။ နောက် family_nameကိုလည်း ဒီပုံစံအတိုင်း ယူပါမယ်။
String family_name;
System.out.print(“Enter Your Family Name”);
family_name=user_input.next();
ပြီးရင် နာမည်နှစ်ခုကို ဆက်ပြီး outputပြန်ပြပါမယ်။ Stringနှစ်ခုဆက်ချင်ရင် + signနဲ့ဆက်ရုံပါပဲ။ ဒီမှာတော့ ကြားထဲက spaceပါအောင် spaceထည့်ဆက်ထားပါတယ်။ exampleကို လေ့လာကြည့်ပါဦး။

import java.util.Scanner;
public class  Scanner_Eg{
String first_name;
System.out.print(“Enter Your First Name”);
first_name=user_input.next();
          String family_name;
System.out.print(“Enter Your Family Name”);
family_name=user_input.next();
String full_name=first_name+” ”+family_name;
System.out.print(“ Your Name is”+full_name);
}



ကျွန်တော်ရေးတဲ့ postတွေက စာဖတ်သူအတွက် အကျိုးရှိတယ်ဆိုရင် commentပေးခဲ့ပါ။ လိုအပ်ချက်လေးများရှိရင်လည်း အကြံပေးခဲ့ပါ။


0 comments:

Post a Comment

 

Myanmar Android Programming Tutorials@ 2013 | designed by Star Tek