ကျွန်တော်နှင့် Android Developer အိပ်မက်



ကျွန်တော်ဟာ အနည်းငယ် လူသိစ ပြုလာတဲ့ developer တစ်ယောက် ဖြစ်လာတဲ့အခါ အများစု ကျွန်တော့ကို မေးကြတာက Android App ရေးတတ်ဖို့ ဘယ်လို လေ့လာရမလဲ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဒီမေးခွန်းကို မေးတဲ့ထဲမှာ ရင်းနှီးတဲ့လူတွေ ပါသလို၊ လုံးဝမရင်းနှီးတဲ့လူတွေလည်း ပါ,ပါတယ်။ အဲလိုမေးခံရတိုင်း ကျွန်တော့်မှာ အဖြေမရှိ ဖြစ်တတ်ပါတယ်။ ဘာလို့ အဖြေမရှိရတာလဲ။ ကျွန်တော်က ရေရေရာရာ မဖြေနိုင်လို့လား၊ လျိုချင်လို့ မပြောတာလား။ ဒီစာဟာ အဲ့အတွက် အဖြေ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။

ကျွန်တော်၏ ပထမဆုံး android ဖုန်းကို 17-8-2012တွင် စတင် ပိုင်ဆိုင်ခဲ့တယ်။ မှတ်မှတ်ရရမို့လည်း မှတ်မိနေတာပါ။ Huawei U8825လေးပါ။ ဖုန်းဝယ်ပြီး မကြာပါဘူး၊ ဖုန်းလမ်းမှာ ပြုတ်ကြခဲ့တာ ကံကောင်းလို့ ပြန်ရပါတယ်။ ဒါပေမဲ့ ဖုန်းက ကိုယ့်လက်ထဲ ပြန်ရောက်တော့ ဖွင့်လိုက်ရင် logoမှာတင် တစ်နေပါတယ်။ ဆိုင်သွားပြတော့ ဆိုင်က firmwareရေးရမယ် ပြောပါတယ်။ programmingမတောက်တခေါက် သင်ဖူးတဲ့ ITကျောင်းဆင်း ကျွန်တော်ဟာ ဆိုင်က serviceသမားကို တော်တော် အထင်ကြီးသွားတယ်။ ဖုန်းအတွက် softwareကို သူတို့က ရေးတတ်တယ်ဆိုပြီး။

နောက် မကြာပါဘူး။ ဖုန်းအင်တာနက် လျှောက်ဖြစ်သွားတယ်။ သူများပေးတဲ့ appလေးနဲ့ ဖုန်းကို ဟိုလို တန်ဆာဆင်၊ ဒီလိုတန်ဆာဆင်နဲ့ ကလိနေတာပဲ။ အဲ့ချိန်မှာ ငတက်ပြား ဆိုတဲ့ မြန်မာဂိမ်းလေး ထွက်လာတယ်။ အဲ့ဒါလေး download ဆွဲပြီး ဟားးးးးး တအား ဂုဏ်ယူတာပေါ့။ ကိုယ့်မြန်မာတွေ ရေးတဲ့ဂိမ်းဆိုပြီး။ အိမ်ကလူတွေက ဆော့ကြည့်ပြီး “ဟင်း..ဂိမ်းကလည်း နှေးတာ၊ graphicကလည်း ကြမ်းတာ”နဲ့။ ဒီလို ပြောရမလားဆိုပြီး ကိုယ်က စိတ်ထဲက ကြိတ်ဒေါသထွက်တာပေါ့။ သူတို့တောင် ရေးတတ်လို့လားဆိုပြီး။ Aboutထဲမှာ Programmerက ဘယ်သူ၊ designerက ဘယ်သူဆိုတော့ အင်း တစ်နေ့ကျရင် ငါလည်း ဒီလို ဂိမ်းမျိုးလေး ရေးနိုင်တဲ့သူ ဖြစ်ရင် ကောင်းမှာဆိုပြီး programmer နာမည်နေရာမှာ ကိုယ့်နာမည်လေး ထည့်ပြီး စိတ်ကူးယဉ်ကြည့်တာပဲ။



ကျွန်တော်ရေးတဲ့ postတွေက စာဖတ်သူအတွက် အကျိုးရှိတယ်ဆိုရင် commentပေးခဲ့ပါ။ လိုအပ်ချက်လေးများရှိရင်လည်း အကြံပေးခဲ့ပါ။


မိမိ websiteအား browserနဲ့ မဖွင့်ပဲ andorid apkလုပ်မယ်



Android App Project အသစ် create လုပ်လိုက်ပါ။ ဘယ်လို လုပ်ရမယ်မှန်း မသိရင် ဒီ  link မှာ ကြည့်ပါ။

AndroidManifest.xml ဖွင့်ပြီး  အောက်က code ကူးထည့်လိုက်ပါ။ အောက်က codeက မိမိ appမှာ internet သုံးခွင့်ပြုဖို့ ခွင့်ပြုချက်တောင်းတဲ့ code ဖြစ်ပါတယ်။

<uses-permission android:name="android.permission.INTERNET" />


ကျွန်တော်ရေးတဲ့ postတွေက စာဖတ်သူအတွက် အကျိုးရှိတယ်ဆိုရင် commentပေးခဲ့ပါ။ လိုအပ်ချက်လေးများရှိရင်လည်း အကြံပေးခဲ့ပါ။


Hobbit 2: The desolation of Smaug ကြည့်ပြီးနောက်





Hobbit 2 ကို ကောင်းတယ်ပြောလို့ သွားကြည့်ဖြစ်တယ်။ Hobbit 1ကို အိမ်မှာ တခါကြည့်ဖူးပြီး ဇာတ်လမ်းက မေ့တေ့တေ့ ဖြစ်နေပြီ။ ထွက်ထွက်ချင်းကြည့်မတော့ ခိုးကူးနဲ့ညားပြီး မှုန်ဝါးဝါး၊ အသံက မပီမသ၊ စာတန်းထိုးက မမှန်နဲ့ နားမလည်လိုက်ဘူး။ နောက်လည်း အကြည်ထွက်တော့ ဝယ်မကြည့်ဖြစ်တော့ပါဘူး။ ကြာပြီဆိုမှ ခု နံပါတ်တူးထွက်တော့ လူပြောသူပြောများတာနဲ့ Diamondမှာ 3D သွားကြည့်ဖြစ်တယ်။

ဇာတ်လမ်းအဖွင့်ကို Gandalf နဲ့ လူပုခေါင်းဆောင် Thorin Oakensheild တို့ ခရီးအတွက်တိုင်ပင်တာကို နောက်ကြောင်းပြတာနဲ့ စဖွင့်တယ်။ ပြီးတော့ sceneကို လက်ရှိအခြေအနေဖြစ်တဲ့ နောက်က Orcsတွေလိုက်လို့ ထွက်ပြေးတာကို ပြတယ်။ Orcsတွေရန်က လွတ်အောင်ပြေးရင်း Beorn (Skin Changer)နဲ့ တွေ့ပြီး Mirkwoodကို ဖြတ်ဖို့ မြင်းပုလေးတွေ အကူအညီရတယ်။ Mirkwoodမှာ Spidersတွေ တိုက်ခိုက်တာပြတယ်။ 3Dဖြစ်ပြီး ကြည့်နေတဲ့အတန်းက screenနဲ့ နည်းနည်းနီးတဲ့အတွက် Spider ဘွားကနဲ Bilboနောက်က ပေါ်လာတဲ့အခန်းမှာ လူက လန့်ပြီး ခုံပေါ်က လျောကျတယ်။ Spiderရန်က လွတ်သွားပေမဲ့ Wood Elfsတွေရဲ့ အဖမ်းခံရတယ်။ Wood Elf ဘုရင် Thranduilက အထင်လွဲပြီး ဖမ်းထားတယ်။ (Elfs များနှင့် Dwarvesတွေကြားမှာ Dwarvesတို့ရဲ့ တိုင်းပြည် Moria ပျက်စီးမှုကြောင့် မျိုးနွယ်ချင်း မတည့်နေတာ ဖြစ်တယ်။ ရွှေတွေလိုချင်တာလည်း တပိုင်းပေါ့လေ။) နောက် Bilboရဲ့ အကူအညီနဲ့ လွတ်မြောက်သွားပြီး Lake Townရောက်သွားတာ ပြတယ်။ Lake Town မှာ Thorin Oakenshieldကို တွေ့တဲ့အခါ လူတို့က တချိန်က နိမိတ်ဖတ်တဲ့အတိုင်း ဖြစ်လာတော့မယ်ဆိုပြီး ပျော်ရွှင်ကြတယ်။ နိမိတ်အရ Thror, King Under the Mountain ရဲ့ မျိုးဆက်ပြန်လာတဲ့အခါ မြစ်တစ်ခုလုံး ရွှေတွေ ချောင်းစီးနေမယ်ဆိုတော့ ပျော်ကြတာပေါ့။ လူတွေ အကူအညီပေးတဲ့အတွက် နဂါးရှိရာ တောင်အောက်က လိုဏ်ဂူဆီရောက်၊ နဂါးကြီးက သူတို့လာတာသိပြီး ဖိုက်တင်း ပလေးပြီး နောက် Lake Townက လူတွေ ဒီလူပုတွေကို ကူညီရမလားဆိုပြီး ဖျက်ဆီးဖို့ထွက်သွား၊ ဇာတ်လမ်းလည်း တပိုင်းတစနဲ့ ရပ်သွားရော။ အဲမှာ ကျွန်တော်က ဘာဆက် ဖြစ်မလဲ သိချင်တာပေါ့နော။ ဒါနဲ့ စာအုပ် ဖတ်ဖြစ်သွားတယ် ဆိုပါစို့။


ကျွန်တော်ရေးတဲ့ postတွေက စာဖတ်သူအတွက် အကျိုးရှိတယ်ဆိုရင် commentပေးခဲ့ပါ။ လိုအပ်ချက်လေးများရှိရင်လည်း အကြံပေးခဲ့ပါ။


Flat UI for mobile and web developer

Flat UI on iPhone 5c
ဒီတခါတော့ ကျွန်တော်က linkလေးတစ်ခု ညွှန်းပေးချင်ပါတယ်။ ခုနောက်ပိုင်း design trendတွေမှာ Flat UIတွေ ခေတ်စားလာတာတွေ့ရတယ်။ ကိုယ် မဆွဲတတ်လို့ စိတ်ပျက်စရာမလိုပါဘူး။ အလကားပေးတဲ့ designတွေ အများကြီးရှိပြီး ကိုယ့် app သို့ website မှာထည့်သုံးလို့ ရပါတယ်။
ကျွန်တော်ကိုယ်တိုင် ခုရေးနေတဲ့ application မှာ Flat UI သုံးဖို့ ရည်ရွယ်ထားတဲ့အတွက် ရှာဖွေတွေ့သမျှကို မိတ်ဆွေတို့ကို ပြန်မျှလိုက်ပါတယ်။ အောက်က linkမှာ နမူနာ PSD်ငfile တွေ ကြည့်ပြီး download လုပ်လို့ ရပါတယ်။



ကျွန်တော်ရေးတဲ့ postတွေက စာဖတ်သူအတွက် အကျိုးရှိတယ်ဆိုရင် commentပေးခဲ့ပါ။ လိုအပ်ချက်လေးများရှိရင်လည်း အကြံပေးခဲ့ပါ။


Android Appမှာ ဓာတ်ပုံတွေကို ဘယ်လိုSlideShowပြမလဲ

ဒီနေ့တော့ HelloWorld programရေးတတ်ပြီဆိုတော့ appထဲမှာ ဓာတ်ပုံလေးတွေ slide showလုပ်တဲ့ပုံအကြောင်း ပြောပြမယ်။ လွယ်လွယ်လေးပါ။ ထုံးစံအတိုင်း projectအသစ်ဆောက်လိုက်ရအောင်။
ကျွန်တော်ကတော့ ImageSlideShowDemoဆိုပြီး Project ဆောက်လိုက်ပြီ။ Step-1ပြီး nextတွေ နှိပ်ဗျာ။



ကျွန်တော်ရေးတဲ့ postတွေက စာဖတ်သူအတွက် အကျိုးရှိတယ်ဆိုရင် commentပေးခဲ့ပါ။ လိုအပ်ချက်လေးများရှိရင်လည်း အကြံပေးခဲ့ပါ။


Mobile Frameworkများအား နှိုင်းယှဉ်ခြင်း

Today while I was developing Android App with PhoneGap, I found something in testing. When I ran my app in device, it normally loaded the index.html. Then I navigated through the app using the buttons I embedded in web page. Then, I pressed the back button of the device, it reloaded each previous page I entered in each button press. That took a long time to be back on App Home Page or exit from the App and sometime App crushed. So, I consider, "Is the PhoneGap is a good Framework to develop mobile app?". Then, I googled and found this comparison.

mobile appရေးတဲ့ နေရာမှာ သုံးတဲ့ Frameworkတွေနဲ့ Languageတွေရဲ့ အားသားချက် အားနည်းချက်တွေပါ။ ဒါပေမဲ့ အကောင်းဆုံးကတော့ သူ့မူရင်း languageနဲ့ frameworkကို သုံးတာ အကောင်းဆုံးပါပဲ။ 
ဒီနေ့တော့ Appကို PhoneGapနဲ့ရေးရင်း phoneမှာ runလိုက်တယ်။ web pageတွေ တစ်ခုပြီး တစ်ခု navigateလုပ်ကြည့်တော့ ဘာတွေ့လဲဆိုတော့ back buttonနှိပ်ရင် အရင်ကြည့်ဖူးတဲ့ web pageမှန်သမျှ ပြန်ခေါ်ပြီး ကြာတော့ backနှိပ်ရင်း appက crushဖြစ်သွားတယ်။ အဲတော့ PhoneGap Frameworkဟာ Appရေးလို့ ကောင်းရဲ့လားလို့ စဉ်းစားမိတယ်။ googleမှာ ရှာလိုက်တော့ Mobile Appရေးတဲ့အခါ သုံးတဲ့Frameworkတွေရဲ့ အားသာချက် အားနည်းချက်ကို ယှဉ်ပြထားတာတွေ့လို့ မလာတယ်။


ကျွန်တော်ရေးတဲ့ postတွေက စာဖတ်သူအတွက် အကျိုးရှိတယ်ဆိုရင် commentပေးခဲ့ပါ။ လိုအပ်ချက်လေးများရှိရင်လည်း အကြံပေးခဲ့ပါ။


Web UI tool for Mobile Apps

Today when learning to develop Android Apps with PhoneGap, I want a very nice static web page design. But clearly web design is not my thing. So I found a very nice framework for developing mobile Web UI. That is JQuery Mobile.

They described JQuery Mbile as "A unified, HTML5-based user interface system for all popular mobile device platforms, built on the rock-solid jQuery and jQuery UI foundation. Its lightweight code is built with progressive enhancement, and has a flexible, easily themeable design."

So, just open the version and save in your computer. Then, you can use these in HTML web page. You can learn from demos from JQuery Mobile Site.

http://jquerymobile.com/

ကျွန်တော်ရေးတဲ့ postတွေက စာဖတ်သူအတွက် အကျိုးရှိတယ်ဆိုရင် commentပေးခဲ့ပါ။ လိုအပ်ချက်လေးများရှိရင်လည်း အကြံပေးခဲ့ပါ။


PhoneGap Framework

Recently, I am studying writing Android Apps with PhoneGap which is a framework that allows developers to create Mobile apps using HTML, CSS and JavaScripts. So, it could be more easy for web developers who want to create android apps.

You can simply install phone gap from www.phonegap.com using command line as described or just download the framework. But before you install phone gap, you need to install node.js in your computer. But don't worry, it's also described in phone gap official site.

This can be a good start for those who are unfamiliar with PhoneGap. Here is the Step by Step Tutorial. It is really useful for me. I hope so to you.

http://cleancodedevelopment-qualityseal.blogspot.com/2012/12/first-phonegap-app-with-android-using.html

ကျွန်တော်ရေးတဲ့ postတွေက စာဖတ်သူအတွက် အကျိုးရှိတယ်ဆိုရင် commentပေးခဲ့ပါ။ လိုအပ်ချက်လေးများရှိရင်လည်း အကြံပေးခဲ့ပါ။


Internetအသုံးပြုခဲ့မှုအား မှတ်တမ်းတင်ပေးပြီး ပိုက်ဆံပါတွက်ပေးမည့် Internet Watch Pro

Internetအသုံးပြုခဲ့မှုအား မှတ်တမ်းတင်ပေးမည့် Internet Watchအား official versionအား ထုတ်လုပ်လိုက်ပါတယ်။ ဒီversionမှာ အသုံးပြုခဲ့သည့် နေ့စွဲ၊ စတင်သုံးစွဲချိန်၊ အချိန်မည်မျှ သုံးစွဲခဲ့ကြောင်း မှတ်တမ်းတင်ထားသလို တစ်နေ့စာ သုံးခဲ့တဲ့ကြာချိန်နှင့် စုစုပေါင်း ကြာချိန်တို့ကို ဖော်ပြပေးတဲ့အပြင် ပိုက်ဆံပါ တွက်ပေးမှာပါ။ Android version 2.2 အထက် သုံးလို့ရပါတယ်။




ကျွန်တော်ရေးတဲ့ postတွေက စာဖတ်သူအတွက် အကျိုးရှိတယ်ဆိုရင် commentပေးခဲ့ပါ။ လိုအပ်ချက်လေးများရှိရင်လည်း အကြံပေးခဲ့ပါ။


Percy Jackson and the Lightening Thief

ကျွန်တော်က စာရေးဆရာ တစ်ယောက်သိပ်ဖြစ်ချင်ခဲ့ပါတယ်။ စိတ်ကူးယှဉ်ပြီး ကဗျာ၊ ဝတ္တုတိုတွေလည်း ရေးခဲ့ပါတယ်။ စာဂျပိုးတစ်ယောက်လိုပဲ စာအုပ်မျိုးစုံလည်း ဖတ်ရှုလေ့လာခဲ့ပါတယ်။ ဒါပေမဲ့ ကြိုးစားအားထုတ်မှု နည်းလို့လား မသိဘူး ဖြစ်ဖြစ်မြောက်မြောက် မရှိပါဘူး။ ကိုယ်ပိုင်စိတ်ကူးမကောင်းတဲ့အတွက် စာရေးဆရာတစ်ယောက်ဖြစ်ဖို့ အိပ်မက်ကို စွန့်လွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့စာကို စွဲစွဲမြဲမြဲဖတ်တဲ့အကျင့်ကတော့ မပျောက်ခဲ့ပါဘူး။ တခါတလေကျလည်း ဆရာမဂျုးလို ရသဝတ္တုတွေ ဖန်တီးနိုင်တဲ့ စိတ်ကူးစိတ်သန်းမျိုးမရှိရင်တောင် ဆရာမြသန်းတင့်တို၊ မောင်မြင့်ကြွယ်တို့လို ဘာသာပြန် စာရေးဆရာ လုပ်မယ်ဆိုပြီး စိတ်ကူးမိပြန်တယ်။ ကျွန်တော်ရဲ့ပါရမီနည်းလို့လား မသိပါဘူး။ ကျွန်တော့်အဖေက အင်္ဂလိပ်စပီကင်ဆရာ ဖြစ်ပေမဲ့ ကျွန်တော်က အင်္ဂလိပ်စာ ညံ့တယ်။ ပင်ကိုယ်က စကားပြောလေးတဲ့အတွက် မြန်မာစကားတောင်နှေးတာ အင်္ဂလိပ်လိုပြောမယ်ဆိုရင်တော့ စာဖတ်သူပဲ စဉ်းစားကြည့်ပါတော့။


ကျွန်တော်ရေးတဲ့ postတွေက စာဖတ်သူအတွက် အကျိုးရှိတယ်ဆိုရင် commentပေးခဲ့ပါ။ လိုအပ်ချက်လေးများရှိရင်လည်း အကြံပေးခဲ့ပါ။


 

Myanmar Android Programming Tutorials@ 2013 | designed by Star Tek