Java Lesson 6

Keyboardမှ Inputယူခြင်း

Userနဲ့ အပြန်အလှန် ဆက်သွယ်လုပ်ဆောင်ရတဲ့ programမျိုးရေးတဲ့အခါ userဆီက inputတောင်းဖို့ လိုပါတယ်။ ဒီတော့ programမှာ keyboardဆီက inputကို လက်ခံတဲ့function ထည့်ရေးပေးရပါမယ်။ ဒီမှာ keyboardက inputကို လက်ခံဖို့ System.in.read() ဆိုတဲ့ functionခေါ်သုံးပါမယ်။ outputထုတ်ရင် System.out.print() ကိုသုံးပြီး inputယူရင် System.in.read()ပေါ့ဗျာ။

ဒါပေမဲ့ ဒီfunctionက ယူလိုက်တဲ့ inputကို integerတဖြစ်လဲ ASCIIတန်ဖိုးအနေနဲ့ ပြပါတယ်။ ASCIIဆိုတာကတော့ Keyboardမှာရှိတဲ့ keyတစ်ခုခြင်းဆီရဲ့ ဂဏန်းတန်ဖိုးပါ။ သူရဲ့ rangeက 0-127 ရှိပါတယ်။ ဥပမာ ကျွန်တော်က ‘a’ လို့ ရိုက်လိုက်တာကို System.in.read()နဲ့ ဖတ်ရင် ASCIIတန်ဖိုး 97ရပါတယ်။ ကျွန်တော်က 1လို့ ရိုက်ပေမဲ့လည်း 1လို့ ပေါ်မှာ မဟုတ်ဘူးနော်။ 1ရဲ့ ASCIIတန်ဖိုးပဲ ထွက်မှာပဲ။ အဲ့တော့ ဒီASCIIတန်ဖိုးကို ကျွန်တော်တို့က typeပြောင်းပြီး inputယူရပါတယ်။ aကို ရိုက်ပြီး aလို့ ပေါ်စေချင်ရင် charပြောင်းရပါတယ်။ ဒါပေမဲ့ 1ကို 1ရအောင်တော့ integer typeပြောင်းလို့ မရပါဘူး။ ဘာလို့လဲဆိုတော့ အစောထဲက System.in.read()နဲ့ ဖတ်ရင် integerဖြစ်တဲ့ ACII ရလို့ပါပဲ။ 1ကို 1အတိုင်းရစေချင်ရင် တခြားနည်းနဲ့ inputယူရပါမယ်။ အဲဒါတော့ နောက်မှ ပြောမယ်။ ကဲ ဥပမာလေး ကြည့်ရအောင်
class InputEg{
          public static void main(String[] args) throws IOException{
                   char input; int inp;
                   System.out.print(“Enter a character: ”);
                   inp= System.in.read();
                   input=(char)System.in.read();
                   System.out.println(“The Key You Type is ”+input+”\nASCII value of”+input+”is ”+inp);
}
}

ဒီegမှာဆိုရင် ကျွန်တော်က variableနှစ်လုံးယူထားတယ်။ ASCIIတန်ဖိုးထည့်ဖို့ integerတစ်ခုရယ်၊ charပြောင်းပြီး ထည့်ဖို့ charတစ်ခုရယ်။ keyboardပေါ်ကကြိုက်တဲ့ keyကိုရိုက် အဲ့keyရဲ့တန်ဖိုးရယ်၊ keyရဲ့သင်္ကေတအမှန်ရယ်ကို ထွက်အောင်လုပ်ထားပါတယ်။ main methodမှာ ထူးခြားတာကတော့ exceptionကို throwလုပ်ထားတာပါ။ ဘာကြောင့်လဲဆိုတော့ inputသွင်းတဲ့ errorတွေ ဖြစ်နိုင်ပါတယ်။ programမှာ အမှားမပါပေမဲ့ userက data typeမှားရိုက်တာတို့ ဖြစ်လာရင် programကို ရပ်သွားအောင် exceptionကို throwပေးရပါတယ်။ exceptionအကြောင်း နောက်မှ အသေးစိတ်ပြောပါမယ်။ ခုတော့ Exceptionအများကြီးရှိတဲ့ထဲက IOException(Input/Output)ကို throwလုပ်ထားပါတယ်။ ဒါဆိုရင်တော့ keyboardကနေ inputယူတတ်မယ်ထင်ပါတယ်။


ကျွန်တော်ရေးတဲ့ postတွေက စာဖတ်သူအတွက် အကျိုးရှိတယ်ဆိုရင် commentပေးခဲ့ပါ။ လိုအပ်ချက်လေးများရှိရင်လည်း အကြံပေးခဲ့ပါ။


0 comments:

Post a Comment

 

Myanmar Android Programming Tutorials@ 2013 | designed by Star Tek