Introduction to Java
(Java မိတ်ဆက်)
Javaဟာ Sun Microsystems ကနေ စတင်ခဲ့တဲ့ languageနှင့် platformတခုဖြစ်ပါတယ်။ လိုအပ်ချက်အမျိုးမျိုးကို ဖြည့်ဆည်းဖို့  Sun က edition(3)ခု ထုတ်ခဲ့ ပါတယ်။ Java SE, Java EE နှင့် Java ME တို့ ပဲ ဖြစ်ပါတယ်။ ဒီeditionတခုချင်းစီအကြောင်းနှင့် android အကြောင်း နောက်ပိုင်းမှာ ဖော်ပြပေးသွားမှာပါ။
Java ရဲ့ historyကတော့ ပြောခဲ့တဲ့အတိုင်း Sun က စတင်ခဲ့ပါတယ်။ ၁၉၉၀ခုနှစ်မှာ Sun ရဲ့ ဝန်ထမ်းတွေဖြစ်တဲ့ James Gosling, Patrick Naughton နှင့် Mike Sheridanတို့ ကို computingလောကရဲ့ အနာဂတ် ဖြစ်နိုင်ချေတွေကို သုံးသပ်ဖို့ တာဝန်ပေးခံရပါတယ်။ သူတို့ က computing deviceတွေထွက်ပေါ်လာနိုင်ပြီး intelligent consumerတွေအတွက် အသုံးအဆောင် ဖြစ်လာနိုင်တယ်လို့ ခန့် မှန်းခဲ့ကြတယ်။ ဒီအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ Green projectကို စတင်ခဲ့ပါတယ်။
Greenရဲ့ အသီးအပွင့်ကတော့ Star 7လို့ ခေါ်တဲ့ 5လက်မ color LCD display, ASPARC proessorသုံး graphicအတော်အသင့်ကောင်းမွန်တဲ့ unix version စက်ကို တီထွင်နိုင်ခဲ့ပါတယ်။ ဒီစက်မှာ သုံးတဲ့ appရေးဖို့ Oakဆိုတဲ့ languageကို James Gosling က developလုပ်ခဲ့ပါတယ်။ Oakဆိုတာ သူ့ ရုံးခန်းပြတင်းပေါက်ဘေးက ဝက်သစ်ချပင်ကို အစွဲပြုပြီးပေးတာပါ။ နောက် တခြားနာမည်တူ languageတွေနဲ့ ကွဲလွဲအောင် သူ့  language ကို Dr.Gosling က Javaလို့ အမည်ပြောင်းခဲ့ပါတယ်။ SunဟာJava languageနဲ့ platformမှာ အဆက်မပြတ်ပါဝင်ခဲ့ပြီး ၂၀၁၀ခုနှစ်မှာတော့ Sunကို Oracleက ဝယ်ခဲ့ပါတယ်။
Java is a language
Javaဟာ developerများမှ source code(program text) တွေကို ဖော်ပြရင် သုံးတဲ့ ဘာသာစကားတခု ဖြစ်ပါတယ်။ Javaရဲ့ syntax(ဘာသာစကားတခုရဲ့ ဝါကျအထားအသို (သို့ ) ဖွဲ့ စည်းပုံ) ဟာ C နှင့် C++တို့ ကနေ တစိတ်တပိုင်း ပုံတူ ဖွဲ့ စည်းထားတာပြီး C/C++သမားတွေအတွက် လေ့လာမှု လွယ်ကူလျင်မြန်စေဖို့ ရည်ရွယ်ပါတယ်။
Java နဲ့ C ရဲ့ တူညီချက် အချို့ 
*comment style (single နှင့် multiline comment)
*java reserved wordတော်တော်များများ( if, for, switch, while, try, class, public, etc)
*data type( integer, double, character, float, etc)
*same operator(+,-,*,/,% operater နှင့် conditional operator (?:)
*statement အစအဆုံး { }
Java နဲ့ Cရဲ့ ခြားနားချက်
*Javadoc လို့ ခေါ်တဲ့ comment styleတမျိုး
*Javaရဲ့ ကိုယ်ပိုင် reserved word(extends, strictfp, synchronized, transcript, etc)
*Javaက byte integer typeကို supportလုပ်ပြီး characterကို လက္ခဏာထည့်ခွင့်မပြု ။ unsigned integer, short, longတွေကို လက်မခံသလို သတ်မှတ်တဲ့ ပမာဏထက်ကျော်လို့ မရပါ။
*Javaမှာ Cမှာ မရှိတဲ့operatorတွေပါပါတယ်။ ဥပမာ instanceof နှင့် >>>(unsigned right shift)
*Javaဟာ Cမှာ မတွေ့ နိုင်တဲ့ လုပ်ဆောင်ချက်တွေ အများအပြားလုပ်နိုင်ပါတယ်။
Java is a platform
javaဟာ languageတခု ဖြစ်တယ်လို့  ပြောခဲ့ပါတယ်။ javaဟာ platform တခုလည်း ဖြစ်ပါတယ်။
javaက programတွေကို excuteလုပ်နိုင်တဲ့ platformတခုလည်း ဖြစ်ပါတယ်။ physical processor (ဥပမာ  Intel processor)ပါဝင်ပြီး operating system(ဥပမာ Linux) နဲ့ ပေါင်းစပ်ထားတဲ့platformတခုလိုပဲ Javaဟာ virtual machine ပါဝင်ပြီး  programတွေကို executeလုပ်ဖို့ လိုအပ်တဲ့ environment ပေါင်းစပ်ထားပါတယ်။ virtual machineဆိုတာကတော့ softwareနဲ့ ဖန်တီးထားတဲ့ processor(processor အတု) ကို ပြောတာပါ။ ဒီprocessorဟာ တကယ့်physical processorတွေလိုပဲ ကိုယ်ပိုင်instructionတွေ ပါဝင်ပါတယ်။ execution environmentမှာတော့ program runဖို့ အတွက်နဲ့ Operating Systemနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ လိုအပ်တဲ့ librariesတွေ ပါဝင်ပါတယ်။  
librariesတွေမှာတော့ common taskတွေဆောင်ရွက်ဖို့ ကြိုတင်ထည့်သွင်းထားတဲ့ classfileအမြောက်အများ ပါဝင်ပါတယ်(ဥပမာ math operation နဲ့ network communication)။ ဒီlibrariesတွေကို Standard Class Librariesလို့  ခေါ်ပါတယ်။ 
Java's editions and JDK tool
    Desktop computer, web browser, web sever, mobile phone နှင့် embedded device(ဥပမာ television set-top box (စလောင်းစက်)) တွေမှာ runဖို့ java programတွေကိုရေးတဲ့အခါ developerတွေက java platform ရဲ့ editionအမျိုးမျိုးကို သုံးပါတယ်။
    *Java Platform, Standard Edition (Java SE): ဒါကတော့ PCတွေမှာ runနိုင်တဲ့ appရေးတဲ့အခါ သုံးပါတယ်။     web browser တွေအတွင်းမှာ runနိုင်တဲ့ Java program  တမျိုးဖြစ်တဲ့ appletတွေ ရေးတဲ့အခါလဲ သုံးပါတယ်။
    *Java Platform, Enterprise Edition (Java EE): server programတွေ ဖြစ်တဲ့ serveletတွေရေးတဲ့အခါ သုံးပါတယ်။     Java EEကို Java SEပေါ်မှာ တည်ဆောက်ထားပါတယ်။
    *Java Platform, Micro Edition (Java ME): mobile deviceတွေပေါ်မှာ runတဲ့ MIDLetsတွေကို developလုပ်တဲ့အခါ နှင့် embedded deviceတွေပေါ်မှာ runတဲ့ Xletsတွေ ရေးတဲ့အခါ သုံးတဲ့ platformဖြစ်ပါတယ်။
    ဒါအပြင့် developerတွေဟာ android deviceအတွက် appတွေကို ရေးဖို့ အတွက် googleက တီထွင်ထုတ်လုပ်ထားတဲ့ Java platformကို သုံးကြပါတယ်။ အဲဒါကိုတော့ Android Plaformလို့ ခေါ်ပါတယ်။ Google Android Platformမှာတော့ Java SEပေါ်မှာ တစိတ်တပိုင်း အခြေခံထားတဲ့ Java core librariesတွေပါဝင်ပြီး Dalvikဆိုတဲ့ virtual machineပါဝင်တယ်။ runတော့ android platformအတွက် ပြင်ဆင်ရေးသားထားတဲ့ linux kernelပေါ်မှာ runတယ်။ ဒါကြောင့် android deviceတွေမှာ firmwareကို မထိခိုက်စေဘဲ Linux OSတွေဖြစ်တဲ့ Ubuntu, Back Trackတွေကို deviceမှာ တင်သုံးလို့ ရတယ်။
    ကဲ editionတွေအကြောင်းပြောပြီးဆိုတော့ programmingကို ဆက်လေ့လာရအောင်...
    အရင်ဆုံး Java programကို runဖို့ လိုအပ်တဲ့ JDK installလုပ်ရအောင်။ ဒီlinkကို သွားပြီး Java SE Development Kitကို downloadဆွဲလိုက်ပါ...installလုပ်ပြီးရင်တော့ ကျွန်မတို့ ဘယ် directoryကခေါ်ခေါ် အလုပ် လုပ်အောင် environment variableမှာ pathလေးထည့်ရအောင်။ အရင်ဆုံး computerကို right clickထောက်၊ propertyကိုသွား၊ Advanced system settingsကိုနှိပ်၊ System Propertiesပေါ်လာရင် Environment Variablesကိုနှိပ်၊ User Variables နှင့်System Variables နှစ်ခုထဲက System Variableရဲ့ pathကို ရှာ ၂ချက်နှိပ်လိုက်ပြီး၊ Javaရဲ့ installလုပ်ပြီး bin folderနေရာ(ဥပမာC:\Program Files\Java\bin)ကို ရေး (သို့ ) pasteလုပ်။ ဥပမာ ဒီလိုရှိပြီးသား%SYSTEMROOT%\System32\WindowsPowerShell\v1.0\ ရဲ့နောက်မှာ semicolon (;)ထည့်ပြီး C:\Program Files\Java\bin; ကို ဆက်ထည့်ပေါ့။ ဒါဆိုရင် ဒီလိုရမယ်..( %SYSTEMROOT%\System32\WindowsPowerShell\v1.0\;C:\Program Files\Java\bin;)။
Getting Started with Java
ကဲ Java programလေး စရေးလိုက်ကြအောင်...ဈေးအကြီးဆုံး notepadလေး ဖွင့်ပြီး အောက်က code လေးကို copy & pasteလုပ် myFirst.javaလို့  တနေနေရာမှာ saveလိုက်ပါ။ class name နဲ့ file name တူမှ ရမှနော်။ တခြား နာမည်နဲ့ သိမ်းချင်ရင် classရဲ့ နောက်က myFirstကိုရော ပြင်ပေးလိုက်ပါ။ ကျွန်မကတော့ D:\java ထဲမှာ သိမ်းလိုက်မယ်။ :-D
window+r နှိပ်၊ runထဲမှာ cmdလို့  ရိုက်ပြီး command promptကို ခေါ်လိုက်နော်..cmdကျလာရင် C:\Users\ur user nameဆိုပြီး စာရိုက်ဖို့  cruserပေါ်နေလိမ့်မယ်။ ကျွန်မစက်ကတော့ C:\Users\Tek လို့ ပေါ်နေတယ်။ ပထမဆုံး ကိုယ့်စက်ထဲမှာ Javaရှိမရှိ ကြည့်ရအောင်..javaလို့ ရိုက်ကြည့်လိုက်ပါ..စာတွေအများကြီးကျလာရင် java install လုပ်ပြီးသားပေါ့၊ version checkချင်ရင် java -versionလို့  commandရိုက်လိုက်ပါ။ version infoပြပါလိမ့်မယ်။ ကဲ program runရအောင်.....
/* This is a simple Java program.
Name this file myFirst.java.
*/
class myFirst
//A Java program begins with a call to main().
    public static void main(String args[]) {
        System.out.println("Hello World");
    }
ကဲ အပေါ်က codeကို runဖို့ myFirst.java ရှိတဲ့ pathဆီ သွားရအောင်။ ကျွန်မက Dအောက်က javaအောက်မှာ သိမ်းတဲ့ အတွက် D:လို့  cmdမှာ ရိုက်၊ အဲဒါဆို C:\Users\user nameကနေ D:\လို့ ပေါ်နေမယ်။ cd javaလို့ ရိုက်ရင် myFirst.java သိမ်းထားတဲ့ folderထဲ ရောက်သွားပြီ။ program run ဖို့ javac myFirst.javaလို့  ရိုက်လိုက်ပါ။  javac က java virtual machineကို စတင်စေပြီး compilerရဲ့ main classfileကို စစ်ဆေးပါတယ်။ ပြီး compileလုပ်ပြီးသား classfileထုတ်ပေးပါတယ်။ ဒါဆိုရင် myFirst.classဆိုတဲ့ fileတခု D:\javaအောက်မှာ ရောက်နေပါပြီ။ ကြည့် ကြည့်လိုက်ပါအုံး....ရပြီးသား bytecodeကို native codeပြောင်း executeလုပ်ပေးဖို့ java myFirstလို့  ရိုက်ပါ။ cmdမှာ Hello World ဆိုတဲ့ စာသားလေး ပေါ်နေပါပြီ။ ဘယ်လို runရတယ်ဆိုတာ ပြောပြီးပြီဆိုတော့ codeလေး တချက်ကြည့်ရအောင်..။ /*........*/ဒါကတော့ multi-line commentပါ။ //...ဒါကတော့ single line commentပါ။ commentတွေကို program runတဲ့ အခါ executeမလုပ်ဘဲ neglect လုပ်ပါတယ်။ commentက ဘာအသုံးဝင်လဲ မေးရင်တော့ programmerအတွက် codeကို ပြင်ဆင်တဲ့အခါ အလွယ်တကူ ပြင်နိုင်အောင် မှတ်ကြတာပါ။ System.out.printက screenမှာ စာသားပြတာပါ။ printရဲ့နောက်က lnဆိုတာကတော့ new line ၊ နောက်တကြောင်း ဆင်းမယ်လို့ ပြောတာပါ။ lnမပါတာနဲ့ ပါတာ ဘာကွာလဲ သေချာ runကြည့်ပါ။ ပြချင်တဲ့ စာသားကို "..."ထဲမှာ ထည့်ရေးရပါတယ်။ semi-colon(;)လေးကို terminatorလို့ ခေါ်ပါတယ်။ အာနိုး ပြေးမမြင်နဲ့ ဦး..စာတကြောင်းပြီးပြီလို့ ဆိုလိုတာပါ။ ကဲ classတွေကို နာမည်ပေးခြင်း အကြောင်းပြောရအောင်.........မပြောခင် classဆိုတာ ဘာလဲဆိုတော့ code အစုအဝေးကို ခေါ်တာပါ။ အဲဒီထဲမှာ လုပ်ရမယ့် instrucitionတွေ ရေးရတာပါ။ classတွေကို နာမည်ပေးရင်.......
    *alphabet(a,bc,etc) နဲ့စရမယ်။
    *letter(စာလုံး), digit(ဂဏန်း), underscores(_) နှင့် dollar sign($)တွေပါလို့ ရတယ်။
    * java programming languageရဲ့reserved word(e.g. public, int, true, private)တွေ မဖြစ်ရ။
    *true, false, nullတို့ မဖြစ်ရ။
classတွေကို နာမည်ပေးတဲ့အခါ အထက်ပါစည်းမျဉ်းနဲ့ကိုက်အောင် နာမည်ပေးရပါမယ်။ ဒီclass nameတွေထဲက ဘယ်ဟာရ၊ မရ စဉ်းစားကြည့်ပါ (1. 1program, 2. my_program, 3. $calculate, 4. @first, 5. first_@1 )။ အဖြေကို ပြီးကျ ပေးမယ်နော်......
class အဖွင့်အပိတ်၊ method အဖွင့်အပိတ၊် loopအဖွင့်အပိတ် တွေကို {}နဲ့ရေးပါတယ်။classကို ဘယ်လိုနာမည်ပေးရမလဲ သိပြီးရင် main()ကို ရှင်းပြပါ့မယ်။ ဒီ codeလေးကို ကြည့်ပါ။
class DumpArgs{ 
public static void main(String[] args) { 
    System.out.println("Passed arguments:"); 
    for (int i = 0; i < args.length; i++) 
        System.out.print(args[i]+" "); 
    } 
ဒီ programမှာ DumpArgsဆိုတဲ့ class နဲ့ classထဲမှာ mainဆိုတဲ့ methodပါပါတယ်။   java virtual machineက programတပုဒ်ကို စစ်တဲ့အခါ main method ပါမပါစစ်ပါတယ်။ main()မပါတဲ့ programကို compileမလုပ်ပါဘူး။ ဘာလို့လဲဆိုတော့ mainက programရဲ့စမှတ်မို့ပါ။ စမှတ်မရှိရင် ဆုံးမှတ်ဆိုတာမရှိသလို programဆိုတာလည်း မဖြစ်တော့ပါ။ (နောက် postတွေကျရင် class နဲ့ methodအကြောင်း အသေးစိတ်ရှင်းပြပါ့မယ်။) program runဖို့ main methodကို ခေါ်တဲ့အခါ array(အခန်း) အလိုက် စာလုံးတွေ သိုလှောင်ထားတဲ့ String(စာကြောင်း)နဲ့ သုံးပြီးခေါ်ပါတယ်။ ဥပမာ..ဒီprogramကို runဖို့ javac DumpArgs.javaလို့ cmdမှာ ရိုက်ရပါတယ်။ ဒါဆိုရင် compileလုပ်ပြီးသား .classဆိုတဲ့ fileရပါတယ်။ ရရင် appilicationကို runဖို့ java DumpArgs လို့ရိုက်ရပါတယ်။ java DumpArgsဆိုတဲ့ စာသားကို Stringအဖြစ်ကြေညာထားတဲ့ argsက စစ်ဆေးပါတယ်။ သုံးလိုက်တဲ့ commandထက်ပိုတဲ့ စာသားတွေကို argsဆိုတဲ့ String arrayထဲမှာ သွားသိမ်းပါတယ်။  ပိုပြီးမြင်သာအောင် runကြည့်ရအောင်....
javac DumpArgs.java
java DumpArgs
ဟုတ်ကဲ့ ဘာထူးခြားလဲ...ဘာမှ မထူးခြားပါ။ Passed arguments: ဆိုတဲ့ စာသားပဲ ထွက်လာပါတယ်။ ဘာမှ ပိုမရိုက်လို့ ဘာမှမသိမ်းထားပါ။ ပြန်ရိုက်ကြည့်မယ်....
java DumpArgs Myanmar iT group
ဘာထူးခြားလဲ.....
Passed arguments: 
Myanmar iT group လို့ ထွက်လာပါတယ်။ Beginဖြစ်တဲ့အတွက် loopingပတ်သတ်တဲ့ အကြောင်းမရှင်းတော့ဘူး။ System.out.printကတော့ ပြောပြီးသားပဲ၊ သိမှာပါနော....ထုံးစံကတော့ argsလို့ ပေးပေမဲ့ ကြိုက်တဲ့ နာမည်ပေးလို့ ရပါတယ်။
အဖြေကတော့ 2 တခုပဲ မှန်တယ်....ဟီး။
Variables ကြေညာခြင်း
variableဆိုတာ ကျွန်မတို့ ရေးသားတဲ့ programမှာ အသုံးပြုမဲ့ dataတန်ဖိုးတွေကို memoryပေါ်မှာ နေရာယူသိမ်းဆည်းပေးမှာ ဖြစ်ပါတယ်။ အသုံးပြုမဲ့ dataတန်ဖိုးအလိုက် typeကိုလည်း ကြေညာပေးရပါမယ်။ ဥပမာ ကျွန်မက 2ဆိုတဲ့ဂဏန်းလေးကို ယူသုံးချင်ပါတယ်။ မသုံးခင် သူ့ကို memoryပေါ်မှာ နေရာယူပြီး သိမ်းထားဖို့ လိုပါတယ်။ memoryမှာသာ မရှိရင် ယူသုံးလို့လဲ မရပါ။ ဒါကြောင့် numဆိုတဲ့ နာမည်နဲ့ 2ဆိုတဲ့ ဂဏန်းလေးကို သိမ်းထားလိုက်မယ်။ နာမည်ကတော့ ကိုယ်ကြိုက်တာ ပေးရပါတယ်။ class nameပေးတဲ့ ruleတွေနဲ့ အတူတူပါပဲ။ ဒါဆိုရင် numထဲမှာ 2ရှိတယ်။ 2က ဘာလဲ စဉ်းစားကြည့်ရအောင်....ဂဏန်း..ဂဏန်းကိုမှ ကိန်းပြည့် အမျိုးအစား ဖြစ်ပါတယ်။ ဒါကြောင့် typeကို integerလို့ ကြေညာရပါမယ်။ integerရဲ့ အတိုကောက်က int ....ဒီတော့ ကြေညာရင် int numလို့ ကြေညာရပါမယ်။ 2ကို numထဲ ထည့်ချင်ရင် ထည့်တဲ့သင်္ကေတက (=) ပါ။ programmingမှာ (=)က ညီမျှခြင်းမဟုတ်ဘဲ assign(dataထည့်တဲ့)သင်္ကေတ ဖြစ်ပါတယ်။ဒီတော့.......
int num;
num=2;
လို့ ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် 
int num=2;
ဒီလို variableကြေညာရင်း တခါထဲ valueကို assignလုပ်လဲ ရပါတယ်။ variableကို ကြေညာတဲ့အခါ typeအလိုက် ကြေညာရပါမယ်။
Integer Types
ပထမဆုံး integer typeအကြောင်း စပြောပါမယ်။ integer typeလေးမျိုး ရှိပါတယ်။ typeမတူတာနဲ့အမျှ ထည့်နိုင်တဲ့ ပမာဏလည်း မတူပါ။ ဒီဇယားလေးကို ကြည့်ပါ။
type    size inByte    Minimum Value                         Maximum Value
byte     1                          -128                                             127
short   2                         -32,768                                         32,767
int       4                        -2,147,483,648                          2,147,483,647
long    8                 -9,223,372,036,854,775,808      9,223,372,036,854,775,807
ကိုယ်သိမ်းမဲ့ ပမာဏအလိုက် typeကို ကြေညာပေးရပါမယ်။ သိုလှောင်နိုင်တဲ့ ပမာဏထက် ကျော်လွန်တဲ့တန်ဖိုးထည့်ရင် errorတက်ပါတယ်။ ကဲ example တစ်ခုလောက်ကြည့်ရအောင်...........
class AdditionDemo{
    public static void main(String args[]){
        int num1=225, num2=12345;// or int num1=43; int num2=5;
        System.out.println("The value of num1 is "+num1);
        System.out.println("The value of num2 is "+num2);
    }
}
System.out.printlnက ဘာလဲဆိုတာ ရှေ့က postတွေမှာလဲ ပြောခဲ့ပါတယ်။ screenပေါ်မှာ ပြချင်တဲ့ စာသားကို double quoteထဲထည့်ရေးရပါတယ်။ ဒီမှာတော့ num1, num2ထဲက တန်ဖိုးကို ထုတ်ပြချင်တာ ဖြစ်တဲ့အတွက် (+) signခံပေးရတာပါ။
ကျွန်တော်ရေးတဲ့ postတွေက စာဖတ်သူအတွက် အကျိုးရှိတယ်ဆိုရင် commentပေးခဲ့ပါ။ လိုအပ်ချက်လေးများရှိရင်လည်း အကြံပေးခဲ့ပါ။
5 comments:
Unknown said...
ခုလို ဗဟုသုတ ရစေတဲ့ ပိုစ်နဲ့ blog လေးအတွက် ကျေးဇူးပါ
Unknown said...
thz a lot..
Unknown said...
thz a lot..
ရှုတိုင်းယဥ် said...
thanks saya
Unknown said...
Thank a lot .
Post a Comment
Myanmar Android Programming Tutorials@ 2013 | designed by Star Tek