Android apkမှ source codeထုတ်ယူခြင်း


memberတို့ကို Android apkဖိုင်ကနေ Source Codeထုတ်ပုံထုတ်နည်းလေးပြောပြမယ်။ ကျွန်တော့်လို  androidကို စတင်လေ့လာသူတွေဟာ လေ့လာသူတို့ ထုံးစံအတိုင်း သူများဘယ်လို ရေးသလဲ သိချင်ကြတာပေါ့။ andoridမှာ xmlနဲ့ ဖန်တီးတဲ့ Layout ပိုင်းက မခက်ပေမဲ့ Java Cdoingရေးရတဲ့အခါ အခက်တွေ့လေ့ရှိပါတယ်။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင် သူများရဲ့ ရေးသားနည်းကို လေ့လာချင်လို့ siteပေါင်းများစွာ ရှာဖွေပြီး ရလာတဲ့နည်းလေးဖြစ်ပါတယ်။ 



Apkဆိုတာ တကယ်တော့ Andorid Package ဖြစ်ပါတယ်။ .apk ဖိုင် extensionဟာ .zipဖိုင် formatဖြစ်ပြီး jar file formatအပေါ်မှာ အခြေခံထားတာပါ။ apkဖိုင်ထဲမှာ ဘာတွေပါမလဲဆိုတော့ .dex files, resources, assests, certificates နှင့် Manifest ဖိုင်တို့ ပါဝင်တယ်။
အဲတော့ ကျွန်တော်တို့က Java sourceဖိုင်တွေကို ဘယ်လိုရယူမလဲ။ လွယ်လွယ်လေးပါ။ 

Step 1: .apk ဖိုင် extensionကို .zipဆိုပြီး zipဖိုင် ပြောင်းလိုက်ပါ။ ပြီးရင် zipကို ဖြည်ထားပါ။ အဲမှာ classes.dexဆိုတာလေးကို တွေ့ပါလိမ့်မယ်။ အဲဟာ ကျွန်တော်တို့ လိုချင်နေတဲ့ Source Codeပါ။
Step 2: dex2jarဆိုတာလေးကို ဒီlinkကနေ downloadဆွဲလိုက်ပါ။ zipဖြည်ထားပါ။ ပြီးရင် ဒီ dex2jarထဲကို ခုနက apkကို zipဖြည်ထားတဲ့ထဲက classes.dexဖိုင်လေးလာထည့်လိုက်ပါ။
Step 3: ပြီးရင် cmdကို ဖွင့်လိုက်ပါ။ dex2jarရှိတဲ့ locationကို cd commandနဲ့သွားပါ။ dex2jar folderကို ရောက်နေပြီဆိုရင်တော့ ဒီ commandကို ရိုက်ပါ။ dex2jar classes.dex လို့ ရိုက်လိုက်ရင် အဲ့ dex2jar folderထဲမှာ classes_dex2jar.jar ဆိုတဲ့ .jar fileလေးရပါလိမ့်မယ်။ 
Step 4: ဒီအဆင့်မှာ .jar ဖိုင်ကို Java decompilerနဲ့ java source codeထုတ်ယူပါ့မယ်။ အရင်ဆုံး java decompilerကို downloadဆွဲပါ။
Step 5: ရလာတဲ့ ဖိုင်ကို zipဖြည်ပြီး jd-gui.exeဖိုင်ကို runလိုက်ပါ။ jd-gui.exeရဲ့ window file menuကနေ classes_dex2jar.jarကို browseလုပ်ပေးလိုက်ပါ။
Step 6: နောက် file menuကနေ "save all sources"ကို နှိပ်လိုက်ပါ။ အဲ့ဒါဆိုရင် java source codeတွေ အားလုံးပါဝင်တဲ့ classes_dex2jar.src.zipဆိုတဲ့ zipဖိုင်လေး ရပါမယ်။ zipကို ဖြည်ကြည့်လိုက်ရင် ကျွန်တော်တို့ လိုချင်တဲ့ .javaဖိုင်တွေ ရပြီပေါ့။


XML fileကို apkကနေ extractလုပ်မယ်
 ခုဒီမှာမှာ ပေးထားတဲ့ XML Edit ဆိုတဲ့ folderကို downloadဆွဲပြီး zipဖြည်လိုက်ပါ။ ပြီးရင် ကိုယ် extractလုပ်ချင်တဲ့ apkကို အဲ့ folder ထဲ pasteလုပ်လိုက်ပါ။ ပြီးရင် cmdကို ခေါ်ပြီး folderရှိတဲ့ locationကို cd commandနဲ့ သွားပါ။ နောက် "apktool if framework-res.apk" လို့ command ရိုက်လိုက်ပါ။ အဲ့ဒါဆိုရင် "framework installed to......."ဆိုပြီး ပေါ်လာပါလိမ့်မယ်။ နောက်တဆင့်အနေနဲ့ "apktool filename.apk" ဆိုပြီး ကိုယ်extractလုပ်ချင်တဲ့ file nameနဲ့ commandရိုက်ပေးပါ။ လက်ရှိရောက်နေတဲ့ folderထဲမှာပဲ apk nameနဲ့ xml fileတွေပါတဲ့ folder ပေါ်လာပါလိမ့်မယ်။

ကျွန်တော်ရေးတဲ့ postတွေက စာဖတ်သူအတွက် အကျိုးရှိတယ်ဆိုရင် commentပေးခဲ့ပါ။ လိုအပ်ချက်လေးများရှိရင်လည်း အကြံပေးခဲ့ပါ။


2 comments:

Unknown said...

ကျေးဇူးတင်ပါတယ်ဗျာ

Mr.Oppa said...

ကျေးဇူးပါဗျ

Post a Comment

 

Myanmar Android Programming Tutorials@ 2013 | designed by Star Tek