ကျွန်တော်နှင့် Android Developer အိပ်မက်



ကျွန်တော်ဟာ အနည်းငယ် လူသိစ ပြုလာတဲ့ developer တစ်ယောက် ဖြစ်လာတဲ့အခါ အများစု ကျွန်တော့ကို မေးကြတာက Android App ရေးတတ်ဖို့ ဘယ်လို လေ့လာရမလဲ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဒီမေးခွန်းကို မေးတဲ့ထဲမှာ ရင်းနှီးတဲ့လူတွေ ပါသလို၊ လုံးဝမရင်းနှီးတဲ့လူတွေလည်း ပါ,ပါတယ်။ အဲလိုမေးခံရတိုင်း ကျွန်တော့်မှာ အဖြေမရှိ ဖြစ်တတ်ပါတယ်။ ဘာလို့ အဖြေမရှိရတာလဲ။ ကျွန်တော်က ရေရေရာရာ မဖြေနိုင်လို့လား၊ လျိုချင်လို့ မပြောတာလား။ ဒီစာဟာ အဲ့အတွက် အဖြေ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။

ကျွန်တော်၏ ပထမဆုံး android ဖုန်းကို 17-8-2012တွင် စတင် ပိုင်ဆိုင်ခဲ့တယ်။ မှတ်မှတ်ရရမို့လည်း မှတ်မိနေတာပါ။ Huawei U8825လေးပါ။ ဖုန်းဝယ်ပြီး မကြာပါဘူး၊ ဖုန်းလမ်းမှာ ပြုတ်ကြခဲ့တာ ကံကောင်းလို့ ပြန်ရပါတယ်။ ဒါပေမဲ့ ဖုန်းက ကိုယ့်လက်ထဲ ပြန်ရောက်တော့ ဖွင့်လိုက်ရင် logoမှာတင် တစ်နေပါတယ်။ ဆိုင်သွားပြတော့ ဆိုင်က firmwareရေးရမယ် ပြောပါတယ်။ programmingမတောက်တခေါက် သင်ဖူးတဲ့ ITကျောင်းဆင်း ကျွန်တော်ဟာ ဆိုင်က serviceသမားကို တော်တော် အထင်ကြီးသွားတယ်။ ဖုန်းအတွက် softwareကို သူတို့က ရေးတတ်တယ်ဆိုပြီး။

နောက် မကြာပါဘူး။ ဖုန်းအင်တာနက် လျှောက်ဖြစ်သွားတယ်။ သူများပေးတဲ့ appလေးနဲ့ ဖုန်းကို ဟိုလို တန်ဆာဆင်၊ ဒီလိုတန်ဆာဆင်နဲ့ ကလိနေတာပဲ။ အဲ့ချိန်မှာ ငတက်ပြား ဆိုတဲ့ မြန်မာဂိမ်းလေး ထွက်လာတယ်။ အဲ့ဒါလေး download ဆွဲပြီး ဟားးးးးး တအား ဂုဏ်ယူတာပေါ့။ ကိုယ့်မြန်မာတွေ ရေးတဲ့ဂိမ်းဆိုပြီး။ အိမ်ကလူတွေက ဆော့ကြည့်ပြီး “ဟင်း..ဂိမ်းကလည်း နှေးတာ၊ graphicကလည်း ကြမ်းတာ”နဲ့။ ဒီလို ပြောရမလားဆိုပြီး ကိုယ်က စိတ်ထဲက ကြိတ်ဒေါသထွက်တာပေါ့။ သူတို့တောင် ရေးတတ်လို့လားဆိုပြီး။ Aboutထဲမှာ Programmerက ဘယ်သူ၊ designerက ဘယ်သူဆိုတော့ အင်း တစ်နေ့ကျရင် ငါလည်း ဒီလို ဂိမ်းမျိုးလေး ရေးနိုင်တဲ့သူ ဖြစ်ရင် ကောင်းမှာဆိုပြီး programmer နာမည်နေရာမှာ ကိုယ့်နာမည်လေး ထည့်ပြီး စိတ်ကူးယဉ်ကြည့်တာပဲ။



အင်တာနက် သုံးဖြစ်တော့ စင်္ကာပူရောက်နေတဲ့ သူငယ်ချင်းနဲ့ ချိတ်မိပြီး အလုပ်လာရှာလှည့်ပါ၊ အစစ အရာရာ ကူညီမယ်ဆိုတော့ စောစောကတည်းက နန့်နန့်တက် သွားချင်နေတာနဲ့ အတော်ဖြစ်ပြီး အလုပ်ရှာရအောင် ကိုယ့်ဘွဲ့နဲ့ ကိုက်တဲ့ ပညာရပ်ကို သင်မှပါဆိုပြီး Cloud Myanmarမှာ Software Engineering Level 1 ကို စတက်ဖြစ်ခဲ့တယ်။ အစောတုန်းကတော့ အိမ်က စာသင်တဲ့ အလုပ်လုပ်ပဲလုပ်မယ်ဆိုပြီး မိန်းမှာ ELT (Teacher Training) diploma တက်နေတာ။ အဲ့ဒါကို second semester ဆက်မတက်တော့ဘဲ စင်င်္ကာပူ သွားဖို့ကို ဖိလေ့လာမိတယ်။ အဲ့အချိန်မှာ ကိုယ့်ဖုန်း ကလိပြီး ရတဲ့ နည်းလမ်းတွေကို သူများရှဲချင်တာနဲ့ IT Groupမှာ adminခေါ်တော့ ဝင်လုပ်ဖြစ်သွားတယ်။

နောက် ဆရာ့ဆီမှာ Java တက်ရင်း ကိုယ့်စိတ်က android app ရေးတတ်ဖို့ အားသန်နေတယ်။ ဘယ်လို ရေးရမလဲဆိုတဲ့ tutorialတွေ နေ့တိုင်းရှာမိတယ်။ downloadဆွဲထားတဲ့ tutorialတွေ၊ စာအုပ်တွေမှ အများကြီးပဲ။ ဒီလိုနဲ့ စင်င်္ကာပူ သွားဖြစ်တယ်။ ဟိုမှာ ၂လလောက် အချိန်ကုန်သွားပြီး အလုပ်မရတာနဲ့ ပြန်လာရတယ်။ ပြန်လာပြီး ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ဘာလုပ်ရမယ်မှန်းမသိ၊ ဝင်ငွေမရှိ ဖြစ်နေတဲ့ အချိန်မှာ Internet Watch ရေးဖို့ idea ရတယ်။ ဒါနဲ့ ကိုယ်ရေးချင်တဲ့ပုံစံအတွက် tutorailတွေ အများကြီးရှာရတယ်။ တစ်လ တစ်လကို ဖုန်းဖိုးတွေ ကုန်တာလည်း မနည်းဘူ။ ၂ကတ် ၃ကတ် ကုန်တယ်။ အဲ့အတွက် အကုန်အကျ ခံပေးတဲ့ မအေးနိုင်ကိုရော ကျေးဇူးတင်ရမှာပေါ့။ နှစ်လလောက်နေတော့ Internet Watch Beta ထွက်လာတယ်။

Betaဟာ ဘာဆိုဘာမှ မဟုတ်ဘူး။ စမ်းသပ်ထားတဲ့ app အကြမ်း အဆင့်ပဲ ရှိသေးတယ်။ Betaပြီးတော့ ဘာမှ ဆက်မလုပ်ဖြစ်ဘူး။ နောက်ထပ်၂လ လောက်နေမှ Internet Watch official version ထွက်လာတယ်။ ထုတ်လိုက်တဲ့နေ့က 17-8-2013၊ ကျွန်တော့ဖုန်းဝယ်တာ တစ်နှစ်တိတိ ပြည့်တဲ့နေ့ပဲ။ စင်င်္ကာပူမှာနေတဲ့ အသိအစ်မက Google Play Developer Account ဝယ်ပေးတဲ့အတွက် Play Storeမှာ တင်ဖြစ်သွားတယ်။ နောက် မကြာဘူး Speak Your Wishesကို ဆက်ရေးဖြစ်တယ်။ စာရေးပျင်းတာကြောင့် appက တော်တော်နဲ့ မထွက်ဖြစ်သလို ထွက်ဖြစ်တော့လည်း ပါသင့်သလောက် lessonတွေ မပါဘူး ဖြစ်သွားတယ်။ ဒါပေမဲ့ ကျွန်တော် တချိန်က အိပ်မက် မက်ခဲ့သလို about pageက Developerနေရာမှာ ကျွန်တော့်နာမည် တွေ့ရပြီလေ။

ခုများတော့ Android Appတွေ ရေးတတ်အောင် ဘယ်လိုလေ့လာရမလဲဆိုတဲ့ မေးခွန်းမေးခံရရင် ကျွန်တော် ဖြေလေ့ရှိတာကတော့ Javaကို လေ့လာပါ။ ငချွတ်ကြီး ဖြစ်စရာမလိုပဲ OO (Object Oriented) ရဲ့သဘောလောက်တော့ ရပါစေ။ စာအုပ်ကြီးဖတ်ပြီး လျှောက်လုပ်မနေပါနဲ့။ idea တစ်ခုလောက်နဲ့ ကိုယ်ပိုင် appလေးတစ်ခု အကောင်အထည် ဖော်လိုက်ပါ။ သေးရင် သေးပါစေ။ အင်္ဂလိပ်လို ကျွမ်းကျင်ပါစေ။ Googleကို အားကိုးလိုက်ပါ။ ဒါဟာ ကျွန်တော့အတွက် အလုပ်ဖြစ်ပေမဲ့ ခင်ဗျား လိုချင်တဲ့ အဖြေ ဖြစ်ချင်မှဖြစ်လိမ့်မယ်။ ပိုက်ဆံအတွက်လား။ စိတ်မပူပါနဲ့။ ခင်ဗျား ကျွမ်းကျင်လာရင် အခွင့်အလမ်းတွေ ရပါလိမ့်မယ်။ ဒီလို ပြောလို့ ကျွန်တော် ဝင်ငွေ အများကြီး ရတယ် မအောက်မေ့ပါနဲ့။ ကျွန်တော့ဝင်ငွေ အများစုဟာ developer အလုပ်က ရတာ မဟုတ်ပါဘူး။ နောက်ဆုံးတစ်ခုကတော့ ရည်မှန်းချက် ခိုင်မာပါစေ။ ကျွန်တော် ခုထိတိုင် ကိုယ်ပိုင် ဂိမ်းတစ်ခု ဖန်တီးချင်တုန်းပဲ။


ကျွန်တော်ရေးတဲ့ postတွေက စာဖတ်သူအတွက် အကျိုးရှိတယ်ဆိုရင် commentပေးခဲ့ပါ။ လိုအပ်ချက်လေးများရှိရင်လည်း အကြံပေးခဲ့ပါ။


11 comments:

Unknown said...

lije

Anonymous said...

ပညာအများကြီးရတယ်...

Unknown said...

လေးစားအတုယူစရာပဲဗျာ

Unknown said...

The Programining Resourses Which You Have listed is most usefull for who are training Online Courses For Android Online Training contact us @ www.vibloo.com

ကိုရဲရင့်​ said...

Sis ကို ဆက်​သွယ်​လို့ ရမယ့်​ ဖုန်းနံပတ်​​လေးဖြစ်​ဖြစ်
mail ပဲဖြစ်​ဖြစ်​ ​ပေးခဲ့ပါလား
လေးစားလို့ပါ
သင်​ယူချင်​လို့ပါ
ကျေးဇူးတင်​ပါတယ်

Unknown said...

Sis - Respect.

I am female too,So in this Mobile Developer Field I have no friend(female) to share and ask .
Please I want to be friend with you Sis.
galliumgin.blogspot.com That's my blog -Please visit and response something ---
nang.aeint.min.khit@gmail.com That's my mail ---
Wish u reply Sis-
Thanks you!

ဟိန်းထက်အောင် said...

java ​လေ့လာမယ်​ဆိုရင်​ ဘယ်​စာအုပ်​​တွေ ဖတ်​သင့်​သလဲ bro please suggest me. So Proud of you

ဟိန်းထက်အောင် said...

java ​လေ့လာမယ်​ဆိုရင်​ ဘယ်​စာအုပ်​​တွေ ဖတ်​သင့်​သလဲ bro please suggest me. So Proud of you

Notes said...

ရိုးရှင်းတဲ့ရေးသားချက်ဖြစ်ပေမယ့် လေးစားလောက်ပါပေတယ်။

Shailendra said...

This information you provided in the blog that is really unique I love it!! Thanks for sharing such a great blog Keep posting..
Android Training
Android Institute
Android Course

Asinfovision said...

This information you provided in the blog that is really unique and informative. Thanks for sharing such a great blog Keep posting ..
Android App Development Course in Gurgaon
App Development course in Gurgaon

Post a Comment

 

Myanmar Android Programming Tutorials@ 2013 | designed by Star Tek