android appစတင်ရေးသားတော့မည် ဆိုရင်

Android applicationကို ရေးသားတော့မယ်ဆိုရင် ခင်းဗျားအတွက် IDEတခုတော့ လိုမှာပဲ။ IDEဆိုတာကတော့ ကျွန်တော်တို့ codingရေးသားဖို့ အတွက် လိုတဲ့ toolတစ်ခုပေါ့။ တကယ်လို့ ခင်ဗျားမှာ Eclipse IDEရှိပြီးသားဆိုရင်တော့

>>>>>> android sdk extension သွင်းဖို့လိုပါလိမ့်မယ်။ Eclipseရှိပြီးသားဆိုရင် andoird sdkကို downloadဆွဲပြီး eclipseရဲ့ Help > Install New Software.ဆိုတာကို ရွေးပေးပြီး addကို clickလုပ်၊ Add Dialog boxပေါ်လာတဲ့အခါ Nameကို ADT Plugin၊ Link URLကျတော့ ဒါကို (https://dl-ssl.google.com/android/eclipse/) ထည့်ပါ။ ပြီးရင် nextတွေ clickလုပ်၊ နောက်ဆုံး agreeပြီး finish။ ပြီး eclipseကို restartလုပ်၊ use existing sdkဆိုတာကို dialogတက်လာရင် ရွေးပေးလိုက်ပြီး downloadလုပ်ထားတဲ့ sdkရဲ့ loactionကို ရွေးပေးပြီးရင် သုံးလို့ ရပါပြီ။



>>>>> အဲ့IDE မရှိဘူးဆိုရင်တော့ ကျွန်တော့်အနေနဲ့ googleက ထုတ်ပေးတဲ့ Android Developer Toolကို သုံးပါ။ ADTကို သုံးချင်ရင်တော့ ဒီကနေ သက်ဆိုင်ရာ OSအလိုက် downloadဆွဲနိုင်ပါတယ်။ ဟုတ်ကဲ့ ADTကို downloadဆွဲပြီးရင် လုပ်ရမှာကတော့ zip fileဖြည်ပြီး သုံးရုံပါပဲ။ ADTဟာ portableဖြစ်ပါတယ်။ zipဖြည်လိုက်ရင် eclipseဆိုတဲ့ folderရယ်၊ sdkဆိုတဲ့ folderရယ် နှစ်ခု ပေါ်လာပါလိမ့်မယ်။ eclipseဆိုတဲ့ folderထဲက eclipse.exeဆိုတာလေးကို ဖွင့်လိုက်ပါ။အာ့ဆို အောက်ကလို Adroid Developer Toolsဆိုပြီး တက်လာပါလိမ့်မယ်။

ကိုယ်ဆောက်လိုက် app projectတွေ သိမ်းဖို့ locationတခု တောင်းပါလိမ့်မယ်။ D:/workspaceပဲဖြစ်ဖြစ် ကြိုက်တဲ့နေရာမှာ သိမ်းလို့ ရပါတယ်။ ကဲ ပထမဆုံး HelloWorld! Applicationရေးကြည့်ရအောင်ဗျာ။ Fileကို clickခေါက် New ထဲက android application projectဆိုတာကို ရွေးလိုက်ပါ။ ပြီးရင် New Android Applicationဆိုပြီး boxလေး ကျလာလိမ့်မယ်။
Application Name နေရာမှာ HelloWorldလို့ ဖြည့်လိုက်ပါ။ အာ့ဒါက ကျွန်တော့်တို့ applicatinရဲ့ နာမည်ဖြစ်ပါတယ်။ နောက်တခုက project name ကတော့ လက်ရှိ projectကို ဘာနာမည်ပေးမလဲ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ HelloWorldလို့ပဲ ပေးလိုက်တယ်။ နောက်တခုက package nameဖြစ်ပါတယ်။ ကျွန်တော်တို့ appရဲ့ source codeဖြစ်တဲ့ Java Fileတွေ သိမ်းမဲ့နေရာ ဖြစ်ပါတယ်။ androidမှာ package nameပေးတဲ့အခါ web site လိပ်စာနဲ့ ပေးပါတယ်။ ထုတ်တဲ့၊ရေးတဲ့သူရဲ့ web siteပေါ့ဗျာ။ ဥပမာ ကျွန်တော်က com.blogspot.myandroidian.helloworldလို့ ပေးလိုက်မယ်ဗျာ။ နောက်ပြန် ပြန်ဖတ်ရင် ကျွန်တော့် web addressက mydroidian.blogspot.comပေါ့။ ဘာပဲပေးပေး ကိုယ့်စိတ်ကြိုက်ပေးလို့ ရပါတယ်။ Minimum Required SDKဆိုတာကတော့ ခင်ဗျား appကို android os ဘယ်လောက်versionအနိမ့်ဆုံးထားမှာလဲ ဆိုတာပဲ။ ခုခေတ် android phone/ tabletတော်တော်များများက အနည်းဆုံးက gingerbread 2.3.6ပဲ။ ခင်းဗျားအနေနဲ့ JeallyBeanမှပဲ runခွင့်ပြုချင်လဲ သဘောပါပဲ။နောက် target sdkကတော့ ဘယ် OSကို အဓိက targetထားချင်လဲပေါ့ဗျာ။ Themeအကြောင်း နောက်မှ သတ်သတ်ပြောပြမယ်ဗျာ။
အောက်ကပုံကတော့ launcher iconရွေးပေးတာပါ။ ခင်ဗျား appရဲ့iconကို browseလုပ်ပြီး ရွေးပေးပါ။


အောက်ကတော့ activityရွေးတာပါ။ ကျွန်တော်တို့ appရဲ့အဓိက လုပ်မည့်အလုပ်ပါ။ ကျွန်တော်က blankပဲထားပါတယ်။ သူရဲ့built in တခြားဟာတွလည်း စမ်းကြည့်ကြပါ။




activity nameကို Helloလို့ပေး၊ layout nameကိုတော့ helloလို့ ပေးလိုက်ဗျာ။




ဒါဆိုရင် ကျွန်တော်တို့ရဲ့ android application Hello Worldကို အောင်မြင်စွာ ဆောက်ပြီးပြီဗျ။ runကြည့်မလား။ menu barပေါ်က playသင်္ကေတကို နှိပ်လိုက်ဗျာ။ emulatorပေါ်လာပြီး android deviceအတု တစ်ခုပေါ်လာပြီး ခင်ဗျား apkကို runလိမ့်မယ်။ ဒါပေမဲ့ CPUရဲ့ speedကို မူတည်ပြီး emulatorက ကြာတယ်။ ဒါကြောင့် အကောင်းဆုံးက android ဖုန်းတစ်လုံးကို computerမှာ usbသုံး ချိတ်လိုက်ပါ။ settingsထဲက Developer Optionsမှာ အပေါ်ဆုံး USB debuggingဆိုတာလေးကို အမှန်ခြစ်လိုက်ပါ။ ဒါဆိုတော့ အောက်ကပုံလိုလေးတက်လာပြီး choose a running deviceမှာ ကျနော့်ရဲ့ U8825လေး ချိတ်ထားတာ တွေ့ရမှာပါ။ ကဲ Okပေးလိုက်ရင်တော့ run ပါပြီ။ ဖုန်းမှာ Hello World appလေးကို ခင်ဗျားထည့်ထားတဲ့ iconနဲ့ တိုးလာတာ တွေ့ရပါလိမ့်မည်။

ဖုန်းမရှိရင်တော့ အောက်က Lunch a new Android Virtual Deviceကို ရွေးပြီး သူပေးတဲ့ထဲက ကြိုက်တဲ့ deviceကို cloneလုပ်ပြီး runလည်း ရပါတယ်။





ကျွန်တော်ရေးတဲ့ postတွေက စာဖတ်သူအတွက် အကျိုးရှိတယ်ဆိုရင် commentပေးခဲ့ပါ။ လိုအပ်ချက်လေးများရှိရင်လည်း အကြံပေးခဲ့ပါ။


3 comments:

THIHA said...

ကောင်းမွန်တဲ့ အလေ့အကျင့်လေးနဲ့ အားလုံးအတွက် အကျိုးရှိစေပါတယ်...

မရပ်သွားပါစေနဲ့ ... နေ့တိုင်းမဟုတ်ရင်တောင် တပါတ်ကို ၄ ပို့စ်လောက်တော့ ရေးကျင့်ဖြစ်လာနိုင်မယ်ဆို တန်ဖိုးအလွန်ရှိပါမယ်...

အားပေးလျှက်ပါ..

လေးစားစွာဖြင့်
သီဟ @ mmcp

zaw said...

eclipse က ကျွန်တော်စက်မှာ Run လို့မရဘူးဖြစ်နေတယ် Java တွေလည်းRun ထားပြီးသားပါ Window 7 ပါ ကျွန်တော် Android App တစ်ခုကို ကိုယ်တိုင်လုပ်ကြည့်ချင်လို့ကူညီပေးပါနော်

Sao Bran Aung said...

Thank You Bro!

Post a Comment

 

Myanmar Android Programming Tutorials@ 2013 | designed by Star Tek