Java Lesson 7: Userဆီမှ Inputယူခြင်း ၂

Javaရဲ့ အားသာချက် တစ်ခုကတော့ ရေးသားပြီးသား အသင့်သုံးcodeများစွာ ပါဝင်တဲ့ Libraries ရှိခြင်းပါပဲ။ ဒီcodeတွေဟာ သတ်မှတ်ထားတဲ့ အလုပ်ကို လုပ်ဆောင်ဖို့ ရေးသားထားပြီး ကျွန်တော်တို့က အလွယ်တကူခေါ်သုံးရုံပါပဲ။ ကိုယ်တိုင်ပြန်ရေးစရာ မလိုတော့ဘဲ ကျွန်တော်တို့ လုပ်ရမှာက ကိုယ်သုံးချင်တဲ့library fileကို referenceလုပ်ရုံပါပဲ။

ကျွန်တော်ရေးတဲ့ postတွေက စာဖတ်သူအတွက် အကျိုးရှိတယ်ဆိုရင် commentပေးခဲ့ပါ။ လိုအပ်ချက်လေးများရှိရင်လည်း အကြံပေးခဲ့ပါ။

Java Lesson 6

Keyboardမှ Inputယူခြင်း

Userနဲ့ အပြန်အလှန် ဆက်သွယ်လုပ်ဆောင်ရတဲ့ programမျိုးရေးတဲ့အခါ userဆီက inputတောင်းဖို့ လိုပါတယ်။ ဒီတော့ programမှာ keyboardဆီက inputကို လက်ခံတဲ့function ထည့်ရေးပေးရပါမယ်။ ဒီမှာ keyboardက inputကို လက်ခံဖို့ System.in.read() ဆိုတဲ့ functionခေါ်သုံးပါမယ်။ outputထုတ်ရင် System.out.print() ကိုသုံးပြီး inputယူရင် System.in.read()ပေါ့ဗျာ။

ကျွန်တော်ရေးတဲ့ postတွေက စာဖတ်သူအတွက် အကျိုးရှိတယ်ဆိုရင် commentပေးခဲ့ပါ။ လိုအပ်ချက်လေးများရှိရင်လည်း အကြံပေးခဲ့ပါ။

Java Lesson 5

အရင်တပတ်က Comparison Operatorတွေအကြောင်း ပြောခဲ့တယ်နော်။ဒီတစ်ခေါက်တော့ ကျန်Data Typeတွေ ဖြစ်တဲ့ Floating point typeတွေ နှင့် Character, String အကြောင်း ဆွေးနွေးရအောင်။
Floating point type
Floatကတော့ ဒသမကိန်းတွေကို သိမ်းဆည်းပေးတဲ့ data typeပါပဲ။ ကျွန်တော်တို့က အမြဲတမ်း integerတွေချည်း သုံးနေတာမှ မဟုတ်တာ။ ဥပမာ- ကျွန်တော်က စက်ဝိုင်းရဲ့ ဧရိယာကို တွက်ချင်တယ်ဆိုပါဆို့၊ အဲမှာ ပုံသေနည်းက pi*r2  မို့လား။ အဲလိုမျိုးကို တွက်ပြီးရတဲ့ resultကို သိမ်းဖို့ဆို floating-point data typeတွေကို သုံးရမှာပေါ့။ ပြီးတော့ integer data typeမှာလိုပဲ သူ့မှာ rangeရှိပါတယ်။ rangeကတော့ ပုံမှာ ပြထားတဲ့ အတိုင်းပါပဲ။

ကျွန်တော်ရေးတဲ့ postတွေက စာဖတ်သူအတွက် အကျိုးရှိတယ်ဆိုရင် commentပေးခဲ့ပါ။ လိုအပ်ချက်လေးများရှိရင်လည်း အကြံပေးခဲ့ပါ။

android appစတင်ရေးသားတော့မည် ဆိုရင်

Android applicationကို ရေးသားတော့မယ်ဆိုရင် ခင်းဗျားအတွက် IDEတခုတော့ လိုမှာပဲ။ IDEဆိုတာကတော့ ကျွန်တော်တို့ codingရေးသားဖို့ အတွက် လိုတဲ့ toolတစ်ခုပေါ့။ တကယ်လို့ ခင်ဗျားမှာ Eclipse IDEရှိပြီးသားဆိုရင်တော့

>>>>>> android sdk extension သွင်းဖို့လိုပါလိမ့်မယ်။ Eclipseရှိပြီးသားဆိုရင် andoird sdkကို downloadဆွဲပြီး eclipseရဲ့ Help > Install New Software.ဆိုတာကို ရွေးပေးပြီး addကို clickလုပ်၊ Add Dialog boxပေါ်လာတဲ့အခါ Nameကို ADT Plugin၊ Link URLကျတော့ ဒါကို (https://dl-ssl.google.com/android/eclipse/) ထည့်ပါ။ ပြီးရင် nextတွေ clickလုပ်၊ နောက်ဆုံး agreeပြီး finish။ ပြီး eclipseကို restartလုပ်၊ use existing sdkဆိုတာကို dialogတက်လာရင် ရွေးပေးလိုက်ပြီး downloadလုပ်ထားတဲ့ sdkရဲ့ loactionကို ရွေးပေးပြီးရင် သုံးလို့ ရပါပြီ။

ကျွန်တော်ရေးတဲ့ postတွေက စာဖတ်သူအတွက် အကျိုးရှိတယ်ဆိုရင် commentပေးခဲ့ပါ။ လိုအပ်ချက်လေးများရှိရင်လည်း အကြံပေးခဲ့ပါ။

Java Lesson (Precedence and Comparison Operator)

ဒီနေ့တော့ Arithmetic Operatorထဲက နောက်ဆုံးကျန်တဲ့နှစ်ခုဖြစ်တဲ့ increment operator(++) နှင့် decrement operator(--) အကြောင်းပြောပြချင်ပါတယ်။ (++)ကတော့ ၁တိုးပေးတာပါ။ (--) ကတော့ ၁လျော့တာ့ပါ။ ဥပမာ-

class Op{
          public static void main(String []args){
          num=10;
          num++;// num=num+1 or num+=1
          System.out.println(“result is ”+num); //num=11
          num--; //num=num-1 or num-=1;
          System.out.println(“result is ”+num); //num=10
}

}

ကျွန်တော်ရေးတဲ့ postတွေက စာဖတ်သူအတွက် အကျိုးရှိတယ်ဆိုရင် commentပေးခဲ့ပါ။ လိုအပ်ချက်လေးများရှိရင်လည်း အကြံပေးခဲ့ပါ။

Hacking- High-Tech Crime

ဒီနေ့ခေတ်မှာ ကျွန်တော်တို့ဟာ အိုးမကွာအိမ်မကွာ ဘဏ်ကို ဓားပြတိုက်လို့ ရတယ်ဗျ။ ဒီတော့ ဘယ်သူက ခေါင်းစွပ်အမည်းကြီးတွေ၊ သေနတ်တွေနဲ့ ထွက်ပြေးဖို့ကားတွေ လိုဦးမှာလဲဗျာ။ တကယ်လို့ ခင်ဗျားဟာ ကွန်ပြူတာကျွမ်းကျင်သူတယောက်ဆိုရင်တော့ ခင်းဗျားရဲ့ ပထမဆုံး ငွေတသန်းကို ဘာလက်နက်မှမလိုဘဲ ကွန်ပြူတာတလုံး၊ ဖုန်းတလုံးနှင့် မိုဒန်းတလုံးနဲ့ ချိတ်ဆက်ယူလို့ ရတယ်ဗျ။

ကျွန်တော်ရေးတဲ့ postတွေက စာဖတ်သူအတွက် အကျိုးရှိတယ်ဆိုရင် commentပေးခဲ့ပါ။ လိုအပ်ချက်လေးများရှိရင်လည်း အကြံပေးခဲ့ပါ။

Java Arithmetic Operatorအကြောင်း

ဒီနေ့တော့ memberတို့ကို Arithmetic Operatorတွေအကြောင်း ပြောပြပါ့မယ်။ အရင်ရက်တွေက data typeတွေအကြောင်း ပြောခဲ့ပါတယ်။ Arithmetic Operatorကတော့ ပေါင်း၊နှုတ်၊ မြှောက်၊ စား၊ အကြွင်း ဆိုတဲ့ operatorငါးခု ဖြစ်ပါတယ်။ ဒါကတော့ အပေါင်း(+)၊ အနှုတ်(-)၊ အမြှောက်(*)၊ အစား(/)၊ အကြွင်း(%) တို့ရဲ့ သင်္ကေတတွေပါ။ နားလည်ရလွယ်ပါတယ်။ ကဲ example ကြည့်ရအောင်။

class ArithmeticOp{
          public static void main(String[] args){
int num1=10, num2=5;
int sum= num1+num2;
System.out.println("Sum= "+sum);
         }
}

ကျွန်တော်ရေးတဲ့ postတွေက စာဖတ်သူအတွက် အကျိုးရှိတယ်ဆိုရင် commentပေးခဲ့ပါ။ လိုအပ်ချက်လေးများရှိရင်လည်း အကြံပေးခဲ့ပါ။

Escape Sequence and comments in Java

ဒီနေ့ မန်ဘာတို့ကို ကျွန်တော်က java programming languageမှာ အရေးပါတဲ့ Escape Sequence နဲ့ commentတွေအကြောင်း ပြောပြချင်ပါတယ်။

Escape Sequence
Escape Sequenceကတော့ ကျွန်တော်တို့ စာသားတွေကို outputထုတ်တဲ့အခါမှာ သုံးပါတယ်။ ကျွန်တော်တို့က name          : Mg Mg လို့ ထုတ်ချင်တယ်ဆိုပါစို့။ ကျွန်တော် nameနဲ့ Mg Mgကြားထဲမှာ tabတချက် ခုန်ချင်တယ်ဗျာ။ အဲ့တော့ ကျွန်တော်ဒီင်္လိုပဲရေးမယ်ဗျာ။ ကျွန်တော်တို့ ပြချင်တဲ့စာသားကို double quoteထဲမှာ ထည့်ရေးရတယ်ဗျ။
System.out.print(“name     : Mg Mg”);

ကျွန်တော်ရေးတဲ့ postတွေက စာဖတ်သူအတွက် အကျိုးရှိတယ်ဆိုရင် commentပေးခဲ့ပါ။ လိုအပ်ချက်လေးများရှိရင်လည်း အကြံပေးခဲ့ပါ။

Android apkမှ source codeထုတ်ယူခြင်း

memberတို့ကို Android apkဖိုင်ကနေ Source Codeထုတ်ပုံထုတ်နည်းလေးပြောပြမယ်။ ကျွန်တော့်လို  androidကို စတင်လေ့လာသူတွေဟာ လေ့လာသူတို့ ထုံးစံအတိုင်း သူများဘယ်လို ရေးသလဲ သိချင်ကြတာပေါ့။ andoridမှာ xmlနဲ့ ဖန်တီးတဲ့ Layout ပိုင်းက မခက်ပေမဲ့ Java Cdoingရေးရတဲ့အခါ အခက်တွေ့လေ့ရှိပါတယ်။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင် သူများရဲ့ ရေးသားနည်းကို လေ့လာချင်လို့ siteပေါင်းများစွာ ရှာဖွေပြီး ရလာတဲ့နည်းလေးဖြစ်ပါတယ်။ 

ကျွန်တော်ရေးတဲ့ postတွေက စာဖတ်သူအတွက် အကျိုးရှိတယ်ဆိုရင် commentပေးခဲ့ပါ။ လိုအပ်ချက်လေးများရှိရင်လည်း အကြံပေးခဲ့ပါ။

Introduction to Java

(Java မိတ်ဆက်)

Javaဟာ Sun Microsystems ကနေ စတင်ခဲ့တဲ့ languageနှင့် platformတခုဖြစ်ပါတယ်။ လိုအပ်ချက်အမျိုးမျိုးကို ဖြည့်ဆည်းဖို့  Sun က edition(3)ခု ထုတ်ခဲ့ ပါတယ်။ Java SE, Java EE နှင့် Java ME တို့ ပဲ ဖြစ်ပါတယ်။ ဒီeditionတခုချင်းစီအကြောင်းနှင့် android အကြောင်း နောက်ပိုင်းမှာ ဖော်ပြပေးသွားမှာပါ။
Java ရဲ့ historyကတော့ ပြောခဲ့တဲ့အတိုင်း Sun က စတင်ခဲ့ပါတယ်။ ၁၉၉၀ခုနှစ်မှာ Sun ရဲ့ ဝန်ထမ်းတွေဖြစ်တဲ့ James Gosling, Patrick Naughton နှင့် Mike Sheridanတို့ ကို computingလောကရဲ့ အနာဂတ် ဖြစ်နိုင်ချေတွေကို သုံးသပ်ဖို့ တာဝန်ပေးခံရပါတယ်။ သူတို့ က computing deviceတွေထွက်ပေါ်လာနိုင်ပြီး intelligent consumerတွေအတွက် အသုံးအဆောင် ဖြစ်လာနိုင်တယ်လို့ ခန့် မှန်းခဲ့ကြတယ်။ ဒီအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ Green projectကို စတင်ခဲ့ပါတယ်။

ကျွန်တော်ရေးတဲ့ postတွေက စာဖတ်သူအတွက် အကျိုးရှိတယ်ဆိုရင် commentပေးခဲ့ပါ။ လိုအပ်ချက်လေးများရှိရင်လည်း အကြံပေးခဲ့ပါ။

Myanmar Android Programming Tutorials@ 2013 | designed by Star Tek