ကျွန်တော်ဟာ အနည်းငယ် လူသိစ ပြုလာတဲ့ developer တစ်ယောက် ဖြစ်လာတဲ့အခါ အများစု ကျွန်တော့ကို မေးကြတာက Android App ရေးတတ်ဖို့ ဘယ်လို လေ့လာရမလဲ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဒီမေးခွန်းကို မေးတဲ့ထဲမှာ ရင်းနှီးတဲ့လူတွေ ပါသလို၊ လုံးဝမရင်းနှီးတဲ့လူတွေလည်း
ကျွန်တော်၏ ပထမဆုံး android ဖုန်းကို 17-8-2012တွင် စတင် ပိုင်ဆိုင်ခဲ့တယ်။ မှတ်မှတ်ရရမို့လည်း မှတ်မိနေတာပါ။ Huawei U8825လေးပါ။ ဖုန်းဝယ်ပြီး မကြာပါဘူး၊ ဖုန်းလမ်းမှာ ပြုတ်ကြခဲ့တာ ကံကောင်းလို့ ပြန်ရပါတယ်။ ဒါပေမဲ့ ဖုန်းက ကိုယ့်လက်ထဲ ပြန်ရောက်တော့ ဖွင့်လိုက်ရင် logoမှာတင် တစ်နေပါတယ်။ ဆိုင်သွားပြတော့ ဆိုင်က firmwareရေးရမယ် ပြောပါတယ်။ programmingမတောက်တခေါက် သင်ဖူးတဲ့ ITကျောင်းဆင်း ကျွန်တော်ဟာ ဆိုင်က serviceသမားကို တော်တော် အထင်ကြီးသွားတယ်။ ဖုန်းအတွက် softwareကို သူတို့က ရေးတတ်တယ်ဆိုပြီး။
နောက် မကြာပါဘူး။ ဖုန်းအင်တာနက် လျှောက်ဖြစ်သွားတယ်။ သူများပေးတဲ့ appလေးနဲ့ ဖုန်းကို ဟိုလို တန်ဆာဆင်၊ ဒီလိုတန်ဆာဆင်နဲ့ ကလိနေတာပဲ။ အဲ့ချိန်မှာ ငတက်ပြား ဆိုတဲ့ မြန်မာဂိမ်းလေး ထွက်လာတယ်။ အဲ့ဒါလေး download ဆွဲပြီး ဟားးးးးး တအား ဂုဏ်ယူတာပေါ့။ ကိုယ့်မြန်မာတွေ ရေးတဲ့ဂိမ်းဆိုပြီး။ အိမ်ကလူတွေက ဆော့ကြည့်ပြီး “ဟင်း..ဂိမ်းကလည်း နှေးတာ၊ graphicကလည်း ကြမ်းတာ”နဲ့။ ဒီလို ပြောရမလားဆိုပြီး ကိုယ်က စိတ်ထဲက ကြိတ်ဒေါသထွက်တာပေါ့။ သူတို့တောင် ရေးတတ်လို့လားဆိုပြီး။ Aboutထဲမှာ Programmerက ဘယ်သူ၊ designerက ဘယ်သူဆိုတော့ အင်း တစ်နေ့ကျရင် ငါလည်း ဒီလို ဂိမ်းမျိုးလေး ရေးနိုင်တဲ့သူ ဖြစ်ရင် ကောင်းမှာဆိုပြီး programmer နာမည်နေရာမှာ ကိုယ့်နာမည်လေး ထည့်ပြီး စိတ်ကူးယဉ်ကြည့်တာပဲ။
ကျွန်တော်ရေးတဲ့ postတွေက စာဖတ်သူအတွက် အကျိုးရှိတယ်ဆိုရင် commentပေးခဲ့ပါ။ လိုအပ်ချက်လေးများရှိရင်လည်း အကြံပေးခဲ့ပါ။